ပုံစံ စတိုင်တွေ အမျိုးမျိုး ပြောင်းလဲနေတဲ့ လက်ရှိခေတ်မှာ မြန်မာနိုင်ငံတွင် လူသိနည်းသေးသော (မရှိသလောက်) စတိုင် ဒီဇိုင်းပုံစံကို ပြော ပြချင်ပါသည်။ တခြားပုံစံမဟုတ်ပါဘူး.. ဂျပန် က Rock ဂီတ ရေစီးကြောင်းထဲက အ၀တ်အစား နှင် ဆံပင် ပုံစံ ဒီဇိုင်း လူကအဆုံးပေါ့ အဲဒီ ကြောင်းတွေကို တင်ပြမလို့ပါ။ Rock ဆိုလို့ ကျွန်တော်တို့ ပြေးမြင်မိတာ levics’ ဘောင်းဘီ အကျပ်၊ အင်္ကျီ အနက်၊ ဆံပင်အရှည် မုတ်ဆိတ်မွှေး နဲ့ လူကြီးတွေကို မြင်မိပါတယ်။ J-Rock က အဲဒီလိုမျိုးမဟုတ်ပါဘူး။ Metal, Emo, Black Metal , so on တွေဆို သရဲပုံစံတွေ အခုမြန်မာပြည်မှာ ခေတ်အစားဆုံးပုံစံတွေပေါ့ အဲလိုမျိုးတွေနဲ့ J-Rock က ဆင်တယ်။ နည်းနည်းတောင် ပိုကြမ်းတဲ့ ပုံစံပေါက်နေတယ်။ korea က ပုံစံတွေ လန်းတယ်ဆိုတာကို J- Rock က သနားသည်။

အခုပြောမယ့် စတိုင်ပုံစံက J-Rock မှာ နာမည်ကြီး GazettE band ရဲ့ style ဖြစ်ပါတယ်။ သီချင်း အကြောင်းထက် ကျွန်တော်ဒီနေရာမှာ တင်ပြချင်တာက သူတို့ရဲ့ ပုံစံဒီဇိုင်းဖြစ်ပါတယ်။

vocal က Ruki ပါ။ သူရဲ့ ဆံပင်က အရှေ့ကို ဖြောင့်ပြီး အနောက် ကို အပွကျစ်ထားတယ်။ ရှေ့ဆံပင်က အရှည် ဘေးခွဲ ဒီမှာဆို အီမိုကေပေါ့။ သ သီချင်းဆိုတဲ့ ပုံစံက တော်တော်မိုက်တယ်။

Guitar တီးတဲ့ Aoi ပါ။ သူပုံကဆံပင်အနက်။ အရှည် ဖြောင့်ပြီးပုံသွင်းထားတယ်။ performance က ကပြီး guitar တီးတာ…Gothic အထာမျိုး ကြည့်လို့ကောင်းတယ်။

Guitar တီးတဲ့ Uruha ပါ။ သူက vocal လောက်နည်းနည်း နာမည်ကြီးတယ်။ မိန်းမချော ချောတယ်။ ဂီတာ တီးရင် လက်ထက် ခြေထောက်ကို လုပ်ပြီးတီးတယ်။ ကောင်မလေး မဟုတ်ဘူးနော်…။

Bass Guitar သမား Reitaက နှာခေါင်းကို အမြဲတမ်း ဖုမ်းအုပ်ထားတယ်။ သူရဲ့ မျက်လုံးတစ်ဘက် ဖုံးဆံပင်က တော်တော်ကို ကြည့် လို့ကောင်းတယ်။ ဂျပန် ကာတွန်းတွေ အတိုင်းဘဲ။

Drum တီးတဲ့ Kai က ယောင်္ကျားပုံစံပါဘဲ။ သူက ဗမာရုပ်တောင် ပေါက်နေသေးတယ်။ ဆံပင်က သူတို့ အဖွဲ့ထဲမှာ တော် သူက အဲလောက်မလန်းပါဘူး..။ GazettE အဖွဲ့ ဟာ သီချင်းတင်ကောင်းတာ မဟုတ်ဘဲ အ၀တ်ဒီဇိုင်း ဆံပင်ဒီဇိုင်း နဲ့ သူတို့ရဲ့ performance တွေဟာ တော်တော်ကို ကြည့်လို့ကောင်းပါတယ်ခင်ဗျား.။
သူတို့ရဲ့ web address က http://www.pscompany.co.jp/gazette/

The Gaze-Rock… C’mon Rock to Infinity.. CHeeRS!
Gazerock’s the best!
by
http://yuudreamon.wordpress.com
ကျွန်တော်ကလဲ J rock တစ်ယောက်ပါ ကျွန်တော်ကြိုက်တဲအဖွဲံ့ကတော့nightmare bandပါ