I LOVE U


ပုံကို တမျိုးလေးနော်…။ မျက်လုံးလေးတွေက မူးဝေနေတယ်။ မျက်ကွင်းတဖက်ကလဲ ညိုနေတယ် အဲမှားလို့ မဲတောင်မဲနေပြီ။ ပါးစပ်ကလေး ကလဲ ပြုံးပြနေလိုက်တာ သွားတောင်မပေါ်ဘူး။ အို့ ဘယ်ပေါ်မလဲ ပါးစပ်ကို ချုပ်ထားတာ ကျွတ်ကျွတ် မကြည့်ရပ်နိုင်စရာဘဲ။ ခေါင်းပေါ်မှာ အင်တန်နာ တိုင် နှစ်ချောင်း နဲ့ဆိုတော့ သူ က အကြံဥာဏ်တော်တော်ထွက်မယ့်ပုံဘဲ။ ဒါတွေနဲ့ ခေါင်းစဉ် I LOVE U ကို ကျွန်တော် အတွေးနဲ့ ပုံဖော်ထားတာပါ။

ပုံကို ကျွန်တော် ဘယ်လိုခံစားပြီးရေးဆွဲထားလဲဆိုတော့……..

– သူက ကောင်မလေး ကို ချစ်တယ်။ အားကြီးချစ်တယ်။ ဒါ့ကြောင့် ကောင်မလေး နဲ့ နီးဆက်ဖို့ အဆင်ပြေဖို့ သူ ခေါင်းထဲကနေ အကြံကောင်းတွေ အများကြီးထွက်တယ်လေ။ အဲကြောင့်မို့လို့ သူခေါင်းပေါ်က အင်တန်နာ တိုင် နှစ်ချောင်းနဲ့ တင်စားထားတာ။

– သူက အကြံကောင်းတွေထွက်တာတော့ ဟုတ်ပါပြီ။ ကောင်မလေး နဲ့တွေ့ ရင် သူတွေးထားတဲ့ စီထားတဲ့ စကားတွေ ဘယ်ရောက်သွားလဲမသိတော့ဘူး..။ ဒါကြောင့် အူကြောင်ကြောင်နဲ့ ပြုံးပြ ပြီးဘဲ ပြန်လာခဲ့ရတယ်။ အဲကြောင့်မို့လို့ သူပါးစပ်က စကားလုံးတွေ ပြောမထွက်ခဲ့တာကို ကြိုးနဲ့ ချုပ်ထားတဲ့ ပုံစံနဲ့ တင်စားထားတာပါ။

– သူက ကောင်မလေးနဲ့ ပတ်သက်ရင် ဘယ်အရာမှ ပျက်ပျက်သားသား မမြင်တော့ဘူး။ မှန်လား မှားလားလဲ အသိတော့ဘူး။ အဲကြောင့်မို့လို့ သူ မျက်လုံးတွေ မူးဝေနေတဲ့ ပုံနဲ့ ဖော်ပြထားတာ။

– နောက်ပြီး သူက မရဲတရဲ နဲ့ ဖြစ်နေတယ်…။ သူ လုပ်လိုက်တဲ့ အကြောင်းရာ တစ်ခုကြောင့် ကောင်မလေး စိတ်ဆိုးသွားမှာ သိပ်စိုးရိမ်တာဘဲ။ မတော်တစ ပါးရိုက်သွားရင် ကိစ္စသိပ်မရှိဘူး…။ အချစ်လက်ရာ ခံနိုင်ရဲ့။ လက်သီးနဲ့ ထိုးလိုက်ရင်တော့ အနှစ်ပဲ။ ကျော်မကောင်းကြားမကောင်း။ အဲကြောင့်မို့လို့ မျက်ကွင်းလေး မဲနေတာပါ။

ပုံလေးနဲ့ တိုက်ဆိုင်နေတယ်ဆိုရင် တခါတည်း save မှတ်ပြီး သိမ်းထားလိုက်နော်။ မတိုက်ဆိုင်ရင်လဲ တိုက်ဆိုင်တဲ့လူကို ပေးလိုက်ပေါ့။ ပုံကို ကိုယ်အတွေးနဲ့ ကိုယ် ခံစားကြည့်ပါအုံး။ တစ်ခြားအကြောင်းအရာတွေ ထွက်လာအုံးမှာနော်။

I LOVE U —— thank a lot —— kha—-

4 Responses to “I LOVE U”


  1. 1 nanda969 September 7, 2008 at 2:58 am

    အင်တင်နာတိုင် မပါရင်တော့ ငါ့ပုံဖြစ်သွားပီ.. ဘာလို့လည်းဆိုတော့ ငါက အဲလို idea တွေမထွက် ဘူးလေကွာ … ငှက်ငှက်

  2. 2 coding joker September 8, 2008 at 8:44 pm

    ဟာ ငါ့ပုံကြီး။ တော်တော်တူတယ်။

  3. 3 jnoenoe October 12, 2008 at 2:21 pm

    Hee hee
    So funny
    I like that

  4. 4 yinminnthwin June 4, 2009 at 5:39 am

    i like ur idea….
    & congradulation for all ur arts!!!!!


Leave a Reply




Copyright

All the columns posted in the blog are created by Thet Paing Kha. Copyright © Thet Paing Kha 2008

a

Recent Comments